ဇေယျာသီရိမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ အဘိဓမ္မတ္ထသင်္ဂဟဘာသာကို စုစုပေါင်း ၇၈ ပါး ဝင်ရောက်ဖြေဆို

ဇေယျာသီရိ မတ် ၃၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့ထိ ကျင်းပလျက်ရှိရာ ယနေ့တွင် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ရတနာစံ ကျောင်းတိုက်ရှိ ရတနာဘိမတဗိမာန်တော်၌ တတိယနေ့ အဘိဓမ္မတ္ထသင်္ဂဟဘာသာကို စုစုပေါင်း ၇၈ ပါး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းတွင် ၁၂ ပါး၊ ပထမလတ်တန်း ၂ ပါး၊ ပထမငယ်တန်း ၂၂ ပါးနှင့် အခြေပြုမူလတန်း ၄၂ ပါး စုစုပေါင်း ၇၈ ပါး ဝင်ရောက်ဖြေဆိုပြီး ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရာတွင် စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးဝေဖြိုးအောင်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို အလှည့်ကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)