တပ်ကုန်း မတ် ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့လယ်သာသနာ့ဝေပုလ္လစာသင်တိုက် ပဓာနနာယကဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လ၊ သက်တော် ၇၄ နှစ်၊ ဝါတော် ၅၄ ဝါ၏ အန္တိမအဂ္ဂိဈာပနကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာပြည်သူများမှ လှူဒါန်းသည့်အလှူငွေများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယန့နံနက် ၉ နာရီခွဲက အဆိုပါစာသင်တိုက်တွင် ကျင်းပသည်။
အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရဦး၊ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ဗုဒ္ဓသာသနာ့ပြုဗိမာန်အဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ တက်ရောက်လာသူများက ရွေးစုကျေးရွာဘုန်းတော်ကြီးကျောင်းစာသင်တိုက် ပဓာနနာယကဆရာတော် ဦးသီရိန္ဒ(အန္တိမအဂ္ဂိဈာပနကျင်းပရေး အကျိုးတော်ဆောင်)ထံမှ ငါးပါးသီလခံယူတည်ဆောက်ပြီးနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာပြည်သူများမှ လှူဒါန်းသည့်အလှူငွေကျပ် ၅၆ သိန်းကျော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များက အန္တိမအဂ္ဂိဈာပနအခမ်းအနားဖြစ်မြောက်ရေးကော်မတီဝင် ဦးကျော်စိုးလွင်ထံ လွှဲပြောင်းပေးအပ် ခဲ့သည်။
ထို့နောက်(အန္တိမအဂ္ဂိဈာပနကျင်းပရေးအကျိုးတော်ဆောင်)ဆရာတော် ဦးသီရိန္ဒနှင့်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ကြွင်းကျန်သည့် ရုပ်ကလပ်တော်ကို မီးသင်းသင်္ဂြုလ်မည့်လောင်တိုက်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်