ဖလမ်း မတ် ၃၀
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဟရန်ထီးယို အားကစားကွင်း ပြန်လည်ပြုပြင်နေမှု အခြေအနေများအား ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်နှင့် အဖွဲ့ဝင်များသည် မတ်လ ၂၈ ရက်၊ နံနက် ၁၁ နာရီအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမာန်မနား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အားကစားကွင်းကို ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြုပြင်ထိန်းရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဖလမ်းမြို့၊ ဟရန်ထီးယို အားကစားကွင်းသည် ဘောလုံးအားကစားဝါသနာရှင် လူငယ်များ အများဆုံး အသုံးပြုလျက်ရှိသည့် အားကစားကွင်းဖြစ်ပြီး မိုးရာသီကာလတွင် ရွံ့ထူထပ်ခြင်းနှင့် ရေဝပ်ခြင်း မရှိစေရန်၊ ပြန့်ပြူးညီညာစေရန်နှင့် ကစားသမားများ အဆင်ပြေချောမွေ့စွာ ကစားနိုင်စေရန်အတွက် ပြန်လည်ပြုပြင်ခြင်းဖြစ်ကြောင်း သိရသည်။
ရဲမြင့်အောင်