မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ကစ္စည်းသဒ္ဒါကြီးဘာသာရပ် ဆက်လက်ဖြေဆို

မိုးကောင်း မတ် ၃၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ မဟာတိလောကရာမ ကျောင်းတိုက် လေးထပ်ကျောင်းဆောင်၌ ယမန်နေ့မွန်းတည့် (၁၂)နာရီမှ ညနေ(၃)နာရီထိ ဒုတိယနေ့ ကစ္စည်းသဒ္ဒါကြီးဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ပထမကြီးတန်းရဟန်း(၇)ပါးနှင့် သာမဏေ(၇)ပါး၊ ပထမလတ်တန်း သာမဏေ(၂)ပါးနှင့် သီလရှင်(၄)၊ ပထမတန်းငယ်ရဟန်း(၃)ပါး၊ သာမဏေ(၁၈)ပါးနှင့် သီလရှင်(၃၄)ပါး၊ အခြေပြုမူလတန်း ရဟန်း(၁)ပါး၊ သာမဏေ(၂၃)ပါးနှင့် သီလရှင်(၁၈)ပါး စုစုပေါင်း စာဖြေစာရင်းရှိ (၁၃၅)ပါးအနက် (၁၁၇)ပါးဖြေဆိုခဲ့ရာ ပျက်ကွက်ရဟန်း(၄)ပါး၊ သာမဏေ(၉)ပါးနှင့် သီလရှင်(၅)ပါး စုစုပေါင်း(၁၈)ပါးရှိကြောင်း သိရသည်။

စာမေးပွဲကာလမှာ မတ်လ(၂၈)ရက်မှ ဧပြီလ (၃)ရက်နေ့ထိဖြစ်ပြီး အဆိုပါ စာမေးပွဲကာလအတွင်း စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာတော်များအား အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ဖျော်ရည်ဆက်ကပ်နိုင်ရေး မြို့နယ်စာမေးပွဲကြီးကြပ်ရေးကော်မတီများက လုပ်ငန်းတာဝန်များ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)