ပြည်ကြီးမဏ္ဍိုင်မြို့၌ ငှက်ပျောပင်များစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

ပြည်ကြီးမဏ္ဍိုင် မတ်  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအပြင် မိသားစု  အပိုဝင်ငွေ ရရှိစေရန်အတွက် ငှက်ပျောပင် စိုက်ပျိုးခြင်းကိုလည်း လုပ်ကိုင်ကြသည်။

ထိုသို့ စိုက်ပျိုးရာတွင်ဒေသအခေါ် မယ်တော်လက်သည်း(ပျောငယ်သီး)၊ ရွှေငှက်ပျော၊ ရခိုင်သီး၊ ဆင်အံသီးနှင့် ဖီးကြမ်းသီးပင်များအား မိသားစုအပိုဝင်ငွေရရှိရေးအတွက် နေအိမ်ခြံဝင်းများအတွင်း၍ လည်းကောင်း၊ ဉယျာဉ်ခြံမြေများတွင်လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ မယ်တော်လက်သည်း တစ်ဖီးလျှင်(၅၀၀)ကျပ်၊ ရွှေငှက်ပျောတစ်ဖီးလျှင်(၁၅၀၀)ကျပ်၊ ရခိုင်သီးတစ်ဖီးလျှင်(၇၀၀)ကျပ်၊ ဆင်အံသီးတစ်ဖီးလျှင်(၃၀၀၀)ကျပ်နှင့် ဖီး ကြမ်းသီးတစ်ဖီးလျှင်(၁၅၀၀)ကျပ်အထိ ရရှိတက်ကြောင်း၊ ငှက်ပျောသီးများအား အိမ်၌ အများဆုံး လာရောက်ဝယ်ယူကြပြီး တစ်ခါတစ်ရံ ဈေးဆိုင်များတွင် ဖောက်သည်ပေး၍ရောင်းချကြောင်း၊ ငှက်ပျောရောင်းချသည့်ဝင် ငွေဖြင့် မိသားစု  စားဝတ်နေရေး အပြင်  ကျန်းမာရေးအတွက်လည်း  အထောက်အကူပြု၍   အဆင်ပြေလျက်ရှိကြောင်း ငှက်ပျော စိုက်ပျိုးရောင်းချသူ ဦးထွန်းဝင်းမှ ပြောပြခဲ့သည်။

ကေခိုင်ဝင်း(ပြန်/ဆက်)