အမ်း မတ် ၃၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများတက်ရောက်၍ ယနေ့နံနက်၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ၂၀၂၃ ခုနှစ်၊မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်တည်ဆောက်မည့်နေရာ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ရေရရှိရေးဆောင်ရွက်မှုလုပ်ငန်း၊ သင်္ကြန်ယိမ်းအဖွဲ့များခေါ်ယူလုပ်ငန်း၊ ဖွင့်ပွဲပိတ်ပွဲ အစီအစဥ်များအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ဧည့်ခံကျွေး မွေးရေးနှင့်ဖျော်ဖြေရေးအစီအစဥ်များ၊ လုံခြုံရေးကဏ္ဍများ၊ ကျန်းမာရေးနှင့် နှစ်ဆန်းတစ်ရက်နေ့ဇီဝိတဒါနငါးလွှတ်ပွဲဆောင်ရွက်မည့်အစီအစဥ်များ၊ သက်ကြီးပူဇော်ပွဲကျင်းပဆောင်ရွက်မည့်အစီအစဥ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်/စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် မဟာသင်္ကြန်ပွဲ တော်ကာလနှင့် နှစ်ဆန်းတစ်ရက်နေ့ကာလအတွင်း ဆောင်ရွက်မည့်အစီအစဥ်များနှင့် ဆောင်ရွက်ရန်အစီအစဥ်များကို ဆွေးနွေးတင်ပြခဲ့ရာတင်ပြချက်များအပါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကမဟာသင်္ကြန် ပွဲတော်နှင့် နှစ်သစ်ကူးကာလအတွင်းစည် ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်း ကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း