မက်မန်းမြို့နယ်တွင် နှစ်ရှည်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် လက်ဖက်၊ ထောပတ်နှင့် ကော်ဖီပင်များ စမ်းသပ်ပျိုးထောင် စိုက်ပျိုး

မက်မန်း မတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင်  မိသားစု စားဝတ်နေရေး အဆင်ပြေနိုင်စေရေးအတွက် နှစ်ရှည်ပင်များဖြစ်သော လက်ဖက်၊ ထောပတ်နှင့်ကော်ဖီပင်များကို  မက်မန်းမြို့နယ် စိုက်ပျိုးရေးစံပြခြံတွင် စမ်းသပ်ပျိုးထောင် စိုက်ပျိုးလျက်ရှိသည်။

ထိုသို့စိုက်ပျိုးရာတွင် မက်မန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ လက်ဖက် (၄၈)ဧကအတွက် ပျိုးပင်ပေါင်း (၁၈၁၅)ပင်၊ ထောပတ်(၆၁)ဧကအတွက် ပျိုးပင်ပေါင်း (၇၀)ပင်၊ ကော်ဖီ (၃၇)ဧကအတွက် (၁၃၆၀) ပင်ပျိုးထောင် စိုက်ပျိုးလျက်ရှိသည်။ လက်ဖက်ပင်များကို ကျေးရွာအုပ်စု(၆)စု အားလည်းကောင်း၊ ထောပတ်ပင်များကို ကျေးရွာအုပ်စု(၆)စုအား လည်ကောင်း၊ ကော်ဖီပင်များကို ကျေးရွာအုပ်စု (၅)စုအား လည်းကောင်း အသီးသီးခွဲဝေ၍ စိုက်ပျိုးပေးသွားမည်ဖြစ်သည်။  စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်နှစ် ရှည်ပင်များ စိုက်ပျိုးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်ထံမှ သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)