တောင်ကုတ် မတ် ၃၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ် ကျင်းပပြုလုပ်သော ဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲများကို ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်မှ ညနေ(၄)နာရီ အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဓမ္မာစရိယစာမေးပွဲတွင် မြန်မာဂုဏ်ထူးဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိသံဃာ(၁၉)ပါးရှိသည့် အနက်သံဃာ(၅)ပါးကလည်းကောင်း၊ ပါဠိဂုဏ်ထူးကို ဖြေဆိုသံဃာ(၃)ပါးကလည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲ ပထမငယ်တန်းတွင် ကစ္စည်းသဒ္ဒါကြီးဘာ ဘာသာရပ် ဖြေဆိုရန် စာရင်းရှိ (၃၉)ပါးရှိသည့် အနက်(၂၉)ပါးကလည်းကောင်း၊ အခြေပြုမူလတန်းတွင် ကစ္စည်းသဒ္ဒါကြီး ဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိသံဃာ (၇၄)ပါး ရှိသည့်အနက်(၄၅)ပါးကလည်းကောင်း၊ ပထမကြီးတန်းတွင် ကစ္စည်းသဒ္ဒါကြီး ဘာသာရပ်ကို ဖြေဆိုရန်စာရင်းရှိ သံဃာ(၇)ပါးရှိသည့် အနက်(၄)ပါးက လည်းကောင်း၊ ပထမလတ်တန်းတွင် ကစ္စည်းသဒ္ဒါကြီး ဘာသာရပ်ကို ဖြေဆိုင်ရန်စာရင်းရှိ သံဃာ(၈)ပါးရှိ သည့်အနက် (၃)ပါးဖြေဆိုခဲ့ကြောင်း မြို့နယ်သံဃနာယက အဖွဲ့မှ သိရသည်။
သံဃာတော်များ စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)