မာန်အောင် မတ် ၃၀
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ အသက်(၅၀)နှစ်အထက်နိုင်ငံ့ဝန်ထမ်းများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထနှင့်ပဉ္စမအကြိမ်ထိုးနှံခြင်းကို ဒုတိယနေ့အဖြစ် ယမန်နေ့ နံနက်၁၀နာရီက မြို့နယ် ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမတွင်ကျန်းမာရေးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်သည့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး တတိယအကြိမ် ထိုးနှံပြီးသူများအားစတုတ္ထအကြိမ်အဖြစ်လည်းကောင်း၊ စတုတ္ထအကြိမ်ထိုးနှံပြီးသူများအား ပဉ္စမအကြိမ် အဖြစ်လည်းကောင်း ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် စတုတ္ထအကြိမ်အဖြစ်လာရောက်ထိုးနှံသူ(၁၇)ဦး၊ပဉ္စမအကြိမ်အဖြစ် လာရောက်ထိုးနှံသူ (၇၅)ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုယခုလ၂၈ရက်နေ့မှ၃၀ရက်နေ့ထိ မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမတွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)