ရန်ကင်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး​ဆောင်ရွက်

 ရန်ကင်း မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျှော့နည်းကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် ရည်ရွယ်၍ လမ်းမီတိုင်များပြုပြင်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်လျှပ်စစ်မန်​နေဂျာရုံးမှ ဦးဆောင်ကြီးကြပ်မှုဖြင့်ဝန်ထမ်းများက  ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းများတွင် မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့ကျစေရေးအတွက် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအနေဖြင့် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးတို့အတွက် စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မြို့နေပြည်သူများ စိတ်အေးချမ်းစွာဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ သွားလာနေထိုင်နိုင်ရေး ကျောက်ကုန်းလမ်းနှင့် ရန်ကင်းလမ်းတို့တွင် လျှပ်စစ်မီးတိုင်များ ပြုပြင်ဆောင်ရွက်ခဲ့ကြကြောင်း   သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)