မိုင်းယောင်း မတ် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)တပ်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဘဒ္ဒိယ မဟာထေရ်အရှင်မြတ် ဂုဏ်ပြုပူဇော်ပွဲအတွက် ယနေ့တွင် ပြင်ဆင်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဂေါပကအဖွဲ့များ၊ ရဲဘော်ဟောင်းကျေးရွာ၊ ခိုကဲကျေးရွာ၊ ကုက္ကိုလ်ပင်ကျေးရွာ၊ အောင်မင်္ဂလာကျေးရွာမှ ရွာသူရွာသားများက စုပေါင်းဆောင်ရွက်နေပြီး ဂုဏ်ပြုပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ဧပြီ ၁ ရက်တွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း