ရန်ကင်း မတ် ၃၀
ရန်ကင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁:၀၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဆောင် ရွက်သွားကြရန်လိုကြောင်း၊ ရန်ကင်းမြို့နယ်တွင် ဖျော်ဖြေရေးအကမဏ္ဍပ်များ၊ ရေကစား မဏ္ဍပ်များ၊ စတုဒိ သာမဏ္ဍပ်များဖြင့် ပြည်သူများ ပျော်ရွှင်စွာနှင့် စိတ်အေးချမ်းစွာ ရေကစားနိုင်ရေး ဆောင်ရွက် စေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ၂၀၂၃ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဆွေးနွေးတင်ပြကြချက်များအပေါ် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ ဆက်)