ကုန်းကြမ်းမြို့တွင် အခြေခံပညာမူလတန်းဆင့် ဘာသာရပ်မွမ်းမံသင်တန်းဖွင့်လှစ်

ကုန်းကြမ်း မတ်  ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့် ဘာသာရပ် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က အခြေခံပညာအထက်တန်းကျောင်း(ကုန်းကြမ်း)တွင်ကျင်းပခဲ့ရာ အမှတ်(၁၆) ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး၊မြို့နယ်ပညာရေးမှူး ဦးဝင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဉာဏ်လင်းသန်းနှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား ဆရာ/ ဆရာမ များတက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ် (၁၆) ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ဉာဏ်လင်းသန်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းဇော်က  သင်တန်းဆိုင်ရာများနှင့် သင်တန်းစည်း ကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါမူလတန်းဆင့် ဘာသာရပ်မွမ်းမံသင်တန်းကို ကုန်းကြမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းအုပ်ကြီးများ၊ မူလတန်းပြများ ဒုတိယမူလတန်းပြများနှင့် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ စုစုပေါင်း (၇၄)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြ (  ၅ ) ဦးတို့က  မတ်လ ၂၈ ရက်နေ့ မှ ၃၁ရက်နေ့ထိ‌ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဥမ္မာကျော်(ကုန်းကြမ်းပြန်/ဆက်)