တောင်ကုတ် မတ် ၃၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ တောင်ကုတ်မြို့ပေါ်နှင့် ကျေးရွာများရှိပြည်သူများသို့ စားအုန်းဆီများဖြန့်ဝေရောင်းချခြင်းကို မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ ဖြန့်ဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ထိုသို့ရောင်းချပေးရာတွင် အထူးဈေးကားဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၅၂၀၀) ကျပ်ဖြင့် ဂူတာ ရပ်ကွက်၊ ဆေးရုံကွက်သစ်ဈေး၊ ချောင်းကောက်ရပ်ကွက်ဈေး၊ သိမ်တောင်ရပ်ကွက်ဈေးနှင့်ဝဲကြီး၊ ဝက်ကျိတ်ကျေးရွာများရှိ ပြည်သူများသို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်