နွားထိုးကြီး မတ် ၃၀
မြင်ခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနံက် ၉ နာရီကစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ ဆရာမများအားသင်ကြားရေးစွမ်းဆောင်မြှင့်မားလာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်း၌ နွားထိုးကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းပြ ဆရာ၊ဆရာမ(၆၅၄)ဦး တက်ရောက်ကြ ပြီး အခြေခံပညာ အထက်တန်းကျောင်းရှိ စာသင်ခန်းများတွင် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
သန်းအောင်ဇော်