ဥတ္တရသီရိ မတ် ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်စေရေး၊ ဗဟုသုတတိုးပွားစေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်ပြီး စာဖတ်ဝိုင်းများ၊ ပုံပြင်ပြောပြိုင်ပွဲများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ စကားပုံဆက်ပြိုင်ပွဲများ၊ အသိပညာပေး Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာ Grammer သင်တန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်ရာ ပုံပြင်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဦးစီးအရာရှိ ဒေါ်မြစန်းရီတို့က ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)