တောင်သာမြို့၌ မြို့နယ်အဆင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

တောင်သာ   မတ် ၃၀

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့  မင်းစုအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉)နာရီမှစ၍ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ဆရာ/ဆရာမများအား သင်ကြားရေးစွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် မူလတန်း ဘာသာ ရပ် စွမ်းရည်မြှင့် ဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် သင်တန်းသား ဆရာ၊ ဆရာမ (၁၀၅၉) ဦးတို့အား သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၃၂) ဦးတို့မှ တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်းရှိ စာသင် ခန်းများ တွင် ဘာသာရပ်အလိုက် မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ထိ ၄ ရက်ကြာ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားဆွေးနွေး ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။              

ကျော်မျိုးနိုင်(တောင်သာ)