ကျိုင်းတောင်း မတ် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့ရှိ ပြည်သူများသည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိကြပြီး လယ်ယာလုပ်ငန်းနှင့်တွဲဖက်၍ မိသားစုတစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြသည်။
ကျိုင်းတောင်းမြို့အတွင်းရှိ ဒေသခံတောင်သူအများစုမှာ လယ်ယာလုပ်ငန်းနှင့်တွဲဖက်၍ မိသားစုတစ်ပိုင်တစ်တစ်နိုင် စီးပွားရေးအနေဖြင့် သာပေါက်ဝက်မများဝယ်ယူကာ မွေးမြူလေ့ရှိပြီး ၄၅ ရက်သား ဝက်သားပေါက်တစ်ကောင်လျှင် ၆၀၀၀၀ ကျပ်ပေး၍ ဝယ်ယူရပြီး ခြောက်လသားအရွယ်တွင် သားစပ်ပေးရကြောင်း၊ လေးလကြာလျှင် သားပေါက်လေ့ရှိပြီး သားဖောက်ဝက်မတစ်ကောင်လျှင် ၅ ကောင်မှ ၁၂ ကောင်အထိ သားပေါက်လေ့ရှိကြောင်း၊ ဝက်သားပေါက် ၄၅ ရက်သားတစ်ကောင်ကို ၆၀၀၀၀ ကျပ်ရောင်းချရကြောင်း၊ ဝက်စာအဖြစ် ဆန်ခွဲ၊ ဖွဲနု၊ ငှက်ပျောပင်များကို ကြိုချက်၍ ကျွေးမွေးရကြောင်း ဝက်မွေးမြူရေးလုပ်ကိုင်သူ တောင်သူတစ်ဦးထံမှ သိရသည်။
ထို့အပြင် ဝက်မွေးမြူရေးလုပ်ငန်းမှရရှိသော ဝက်ချေးများကိုလည်း မိမိတို့စိုက်ပျိုးရေးလုပ်ငန်းတွင် သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးချလျက်ရှိကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)