မရမ်းကုန်း မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနဦးဆောင်စီစဥ်မှုဖြင့် မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း(၉)သင်းအား ယမန်နေ့နံနက်ပိုင်းက ကြက်သွန်နီအချိန်ပိဿာ(၄၀၀)ကို ပြည်သူများထံသို့ စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဥ်ဆောင်ရွက်ခဲ့သည်။
အဆိုပါစျေးနှုန်းသက်သာစွာဖြင့် ရောင်းချစေရေးအတွက် မရမ်းကုန်းမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံသမဝါယမအသင်း(၉)သင်းဖြစ်သည့် ရောင်နီဦးရောင်းဝယ်ရေးသမဝါယမအသင်း၊ သိန်းကမ္ဘာရောင်းဝယ်ရေးသမဝါယမအသင်း၊ ရွှေမြန်မာရောင်းဝယ်ရေးသမဝါယမအသင်း၊ သစ်ဆန်းရောင်းဝယ်ရေးသမဝါယမအသင်း၊ ခေတ်လိုက်ရောင်းဝယ်ရေးသမဝါယမအသင်း၊ မရမ်းမြေအထွေထွေစီးပွားရေးသမဝါယမအသင်း၊ သမဝါယမဦးစီးဌာန၊ ငွေစုငွေချေးသမဝါယမအသင်းနှင့် ရွှေမေတ္တာရောင်းဝယ်ရေး သမဝါယမအသင်းများစသည်တို့မှ စျေးနှုန်းသက်သာစွာဖြင့် ပြန်လည်ရောင်းပေးနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)