ဟိုပုံး မတ် ၃၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ သီရိမင်္ဂလာ သာသနာ့ဗိမာန်တွင် ဆက်လက် ဖြေဆိုလျက်ရှိသည်။
ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်တို့က ပါဠိပထမပြန်စာမေးပွဲ ဖြေလျက်ရှိသော ရဟန်း၊ သာမဏေနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုကြသည်။ ဟိုပုံးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကို ဟိုပုံးမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ တုံခမ်းကျောင်းတိုက် ဆရာတော်ဥူး အာလောကနှင့် မြို့နယ် သံဃာ့နာယက အကျိုးတော်ဆောင် ဆရာတော်များ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ ဌာနဆိုင်ရာများ၊ မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနတို့က စာဖြေသံဃာတော်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။ ပါဠိပထမပြန် စာမေးပွဲတွင် ပထမကြီးတန်း (၉)ပါး၊ ပထမလတ် တန်း(၁၃)ပါး၊ ပထမငယ် တန်း(၄၉)ပါး၊ အခြေပြု မူလတန်း(၁၅၄)ပါး စုစုပေါင်း ရဟန်း၊ သာမဏေနှင့် သီလရှင် (၂၂၅)ပါးဝင် ရောက်ဖြေဆိုပြီး အဆိုပါစာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)