စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီကဗျာရေးစပ်နည်း သင်တန်း ဖွင့်လှစ်

စစ်တွေ မတ် ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီ အခြေခံကဗျာရေးစပ်နည်း သင်တန်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီချိန်က ဖွင့်လှစ်ပြသသည်။

သင်တန်းဖွင့်ပွဲတွင် စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နွေရာသီကျောင်း ပိတ်ရက်ရှည်ကာလများအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကဗျာသဘောတရားများကိုသိရှိပြီး မိမိတို့ကျောင်းစာတွင် စာစီစာကုံးရေးသားရာ၌ အသုံး၀င်မည့် ကဗျာရေးစပ်နည်း အခြေခံကိုသိရှိနားလည်စေရန်ရည်ရွယ်၍ အခြေခံကဗျာရေးစပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်း ပြောကြားသည်။ထို့နောက် အခြေခံကဗျာရေးစပ်နည်းသင်တန်းကို ကဗျာဆရာ ကလောင်နာမည်မောင်မိုးမှိုင်းနှင့် ကဗျာဆရာလွန်း​ဝေကတို့က ဆက်လက်သင်ကြားပြသပေးရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၂၉ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ ပို့ချပြသသွားမည်ဖြစ်သည်။

စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီကရာတေးဒိုသင်တန်း၊ နွေရာသီအ​ခြေခံအင်္ဂလိပ်စာသင်တန်း၊ နွေရာ သီအခြေခံကဗျာရေးစပ်နည်းသင်တန်းများကို  ဖွင့်လှစ်ပြသလျှက်ရှိကြောင်း သိရသည်။

ဇူလိုင်ကြယ်