နွားထိုးကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်

နွားထိုးကြီး မတ် ၃၀

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက နွားထိုးကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့  သွားရောက်၍ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွေးမြူရေးနှင့်ကုသရေးဌာနမှ နွားထိုးကြီးမြို့နယ်အတွင်းရှိ ကြက်ခြံများ၊ အမဲခုံများ၊ ဝက်ခုံများ၊ ဝက်ခြံများ၊ နွားခြံများကို ပိုးသတ်ဆေးဖြန်းခြင်း၊ ဇီဝလုံခြုံရေး ပညာပေးခြင်းများဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ သဇင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါ၍ ရပ်ကွက်၊ကျေးရွာများရှိ ဝက်ခြံ၊ ကြက်ခြံ၊ နွားခြံများကို ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်