နမ့်ခမ်း မတ် ၃၀
ကျောင်းနေစကလေးငယ်များအား ကျောင်းနေပျော်ပြီး စာပေအရာတွင် ထက်မြက်သော ကလေးသူငယ်များဖြစ်လာစေရန်နှင့် ကျောင်းနေစအရွယ်၌ မူလတန်းပညာရပ်များကို ပိုမိုထိရောက်စွာ သင်ကြားပြသပေးနိုင်ရန် ရည်ရွယ်၍ မူလတန်းဘာသာရပ်အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မူလတန်းဘာသာရပ်အလုပ်ရုံဆွေးနွေးပွဲကို နမ့်ခမ်းမြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ/ ဆရာမ စုစုပေါင်း (၂၂၂) ဦး တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနှင့် လူမှုရေးဘာသာရပ်များအလိုက် ယမန်နှစ်က သင်ကြားခဲ့သော အတွေ့အကြုံများကို သင်ခန်းစာယူပြီး လာမည့်ပညာသင်နှစ်တွင် ပိုမိုတိုးတက်သော သင်ကြားရေးများအတွက် ဆရာ/ ဆရာမ တစ်ဦးချင်းစီမှ ဆွေးနွေးခဲ့ကြသည်။
မူလတန်းဘာသာရပ်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ မတ်လ ၃၀ ရက် နေ့အထိ (၄) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဘာသာရပ်အလုပ်ရုံဆွေးနွေးပွဲများကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြစ် နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပြီး ဘာသာရပ် အလုပ်ရုံဆွေးနွေးပွဲများမှ စွမ်းရည်မြှင့်မားလာသော ဆရာ/ဆရာမများထွက်ပေါ်လာပြီး ကျောင်းသားလူငယ် များအတွက် များစွာ အကျိုးဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)