တောင်သာမြို့တွင် (၆၅) ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲကျင်းပ

တောင်သာ   မတ်  ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့ ရေလည်ကျောင်းတိုက် မဟာပဏီတ ဓမ္မရိပ် သာဝင်းအတွင်းရှိ ဗိမာန်၌ ယမန်နေ့ မွန်း တည့် (၁၂)နာရီအချိန်က မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ  စာသင်တိုက်အသီးသီးမှ သံဃာတော်များ၊ လူနှင့်သီလရှင်းများ လာရောက်ဖြေဆိုရာ ပထမကြီးတန်း၌ စာရင်းရှိ (၂)၊ ဖြေဆို (၂)၊ ပျက်ကွက် မရှိ၊ ဒွေမာတိကာဘာသာ/ဓမ္မပဒဘာသာ ပထမလတ်တန်း၌ စာရင်းရှိ(၃)၊ ဖြေဆို (၂)၊ ပျက်ကွက် (၁)၊ ဒွေမာတိကာဘာသာ/ဓမ္မပဒဘာသာ ပထမငယ်တန်း၌စာရင်းရှိ (၁၉)၊ ဖြေဆို(၁၅)၊  ပျက်ကွက်(၄)၊ဘိက္ခုပါတိမောက်/ဓမ္မပဒဘာသာနှင့် အခြေပြုမူလတန်း၌ စာရင်းရှိ (၄၁)၊ ဖြေဆို(၃၆)၊ ပျက်ကွက် (၅) သည် ဝိနည်းကျင့်ဝတ်/သုကုမာရမဂ္ဂဒီပနီ ဘာသာရပ်များကို ဖြေဆိုကြကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကို  မတ်လ (၂၈) ရက်နေ့မှစ၍ ဧပြီလ (၃) ရက်နေ့အထိ  နေ့စဉ်မွန်းတည့် (၁၂) နာရီမှ ညနေ (၃) နာရီအထိ ဖြေဆိုသွားမည်ဖြစ်ပြီး ကြီးကြပ်ဆရာတော်ကြီးများ၊ ဖြေဆို သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်း၊ ကွမ်း ဖူလုံစေရေးနှင့် စာမေးပွဲဖြေဆိုရာတွင် လိုအပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)