မက်မန်း မတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ရွေ့လျားစနစ်ဖြင့် နယ်လှည့်ဆေးကုသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာတွင် ကုသခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ နယ်လှည့်ဆေးကုသခြင်းကို မက်မန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးမိုးအောင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းများသည် ကွန်ဟောင်းကျေးရွာတွင်ရှိသော ဒေသခံတိုင်းရင်းသားများ ကျန်းမာရေးအား နယ်လှည့်ကွင်းဆင်း၍ ဆေးများကုသပေးခြင်း၊ ကျန်းမာရေးစမ်းသပ်ခြင်းများဆောင်ရွက်ခြင်း၊ ဆေးဝါးများပေးခြင်းကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ နယ်လှည့်ဆေးကုရေးအဖွဲ့သည် မက်မန်းမြို့နယ်အတွင်းရှိ ဝေးလံသောကျေးရွာများရှိ ဒေသခံတိုင်းရင်းသားများ၏ ကျေးရွာများအရောက် နယ်လှည့်ကွင်းဆင်းဆေးကုသခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)