ပုဗ္ဗသီရိ မတ် ၂၉
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ထောက်ပံငွေပေး အပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ မသန်စွမ်း ၅၀ ဦးအား တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ရာ ယနေ့အထိ မသန်စွမ်းသူ ၉၂ ဦးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)