ကျောက်ဆည်မြို့နယ်တွင် သီတင်းပတ် ပိုးသတ်ဆေးဖျန်းလှုပ်ရှားမှုအဖြစ် နွားပွဲဈေး၊ သားသက်လိုင်စင်နေရာများနှင့် ကြက်၊ဝက်၊နွား မွေးမြူရေးခြံများတွင် ပိုးသတ်ဆေးများဖျန်းပေး

ကျောက်ဆည်  မတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော သီတင်းပတ်ပိုးသတ်ဆေးဖျန်းလှုပ်ရှားမှုများကို မတ်(၂၄)ရက်နေ့မှစတင်ပြီး ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ မွေးမြူရေးလုပ်ကိုင်သူများနှင့် ပူးပေါင်းကာဆောင်ရွက်လျက်ရှိကြောင်းသိရှိရပြီး ယနေ့ နံနက်(၉)နာရီက မြို့နယ်အတွင်းရှိ ပိုးသတ်ဆေးဖျန်းရန် ကျန်ရှိနေသည့် နွားပွဲဈေးများ၊ သားသတ်လိုက် စင်လုပ်ကိုင်နေသည့် နေရာများနှင့် ကြက်၊ ဝက်၊ နွား မွေးမြူရေးခြံများသို့  ပိုးသတ်ဆေးများ ဆက်လက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပိုးသတ်ဆေးများ ဖျန်းပေးခြင်းဖြင့် မြို့နယ်အတွင်းရှိ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်  သားငါးဖူလုံပိုလျှံစေရေးအတွက် သားငါးမျိုးကောင်းမျိုးသန့်များ တိုးတက်ဖြန့်ဖြူးခြင်း၊ နိုင်ငံတော်အတွင်း သားငါးထုတ်လုပ်မှု ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက် ပေးခြင်း၊ ပြည်တွင်း၌ သားငါးစားသုံးမှု ဖူလုံစေပြီး ပိုလျှံသည်များကို ပြည်ပ သို့ တင်ပို့၍ နိုင်ငံခြားသုံးငွေ တိုးတက်ရှာဖွေနိုင်ရန်အတွက် ဆောင်ရွက်ခြင်း၊ သားငါးကဏ္ဍဆိုင်ရာ ရင်းနှီးမြှပ်နှံမှုများ ပိုမိုတိုးတက်ထွန်းကားလာစေရန် ဆောင်ရွက်ခြင်း၊ ပုဇွန်မွေးမြူရေးလုပ်ငန်း တိုးတက်ဆောင်ရွက်ခြင်း၊ ရေချိုရေငန် ငါးပုဇွန်သယံဇတများ မျိုးမပြုန်း တီးစေရေးအတွက်  ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံစေရေးတွက်ရေချိုငါး ပိုမိုတိုးတက်ထုတ်လုပ်ရန် နိုင်ငံတော် အတွင်းရှိ ငါးလုပ်ငန်း လုပ်ကိုင်သောရေပြင်များတွင် ငါးသယံဇာတတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခြင်း၊ နိုင်ငံတော် ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိရိစ္ဆာန်နှင့် ငါးပုဇွန်မွေးမြူ ထုတ်လုပ်သူများ၏ လူမှုစီးပွားရေးအဆင့်အတန်း မြှင့်တင်စေရန်အတွက် ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်