ပုသိမ်ကြီးမြို့တွင် မြို့နယ်အဆင့် မူလတန်း ဘာသာရပ် စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပို့ချ

ပုသိမ်ကြီး မတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းဆရာ/ဆရာမများအား မူလတန်းဘာသာရပ် စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပို့ချခြင်းကို အထက ပုသိမ်ကြီးကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခြေခံပညာ မူလတန်းအဆင့် စွမ်းရည်မြှင့်သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသားဆရာ/ဆရာမ စုစုပေါင်း (၄၈၁) ဦးအား သင်တန်း နည်းပြ (၁၆) ဦးက အထက ပုသိမ်ကြီးကျောင်းရှိ စာသင်ခန်း (၁၂) ခန်းတို့၌ အသီးသီး ဆွေးနွေးပို့ချလျက်ရှိပြီး၊ သင်တန်းကာလမှာ မတ်လ ၂၈ ရက်နေ့မှစတင်ကာ ၄ ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးထံမှ သိရသည်။

  ဇာနည်ကိုကို၊ ပုသိမ်ကြီး၊ (မြို့နယ်ပြန်/ဆက်)