မော်လမြိုင်မြို့နယ်၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဖြေဆို

မော်လမြိုင်  မတ် ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲကျင်းပရေး ကြီးကြပ်မှုကော်မတီဝင်များက ရဟန်းသံဃာတော်များနှင့် သာသနာ့အနွယ်ဝင်သီလရှင်များ အေးချမ်းသာယာစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုရာတွင် ဓမ္မာစရိယဂုဏ်ထူးတန်းဖြေဆိုသူ(၅၄)ပါး၊ ပထမကြီးတန်းဖြေဆိုသူ(၂၉၇)ပါး၊ ပထမလတ်တန်းဖြေဆိုသူ(၂၇၂)ပါး၊ ပထမငယ်တန်း ဖြေဆိုသူ(၅၀၅)ပါး၊ အခြေပြုမူလတန်းဖြေဆိုသူ(၇၈၄)ပါး၊ စုစုပေါင်း(၁၉၁၂)ပါးတို့ လာရောက်ဖြေဆိုတော်မူကြပြီးဖြေဆိုရန် ပျက်ကွက်သူ(၄၇၉)ပါးရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနရုံးမှ သိရသည်။

စည်သူ ခရိုင်(ပြန်/ဆက်)