ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “လောင်းကစားဥပဒေနှင့်ပတ်သက်၍ အသိပညာပေး” Talk Show ကျင်းပ

ဇမ္ဗူသီရိ မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက “လောင်းကစား ဥပဒေနှင့် ပတ်သက်၍အသိပညာပေး”Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် နေပြည်တော် တရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ့ ဒေါ်ဝင့်ဝင့်အေးတို့က အများပြည်သူဆိုင်ရာနေရာများတွင် လောင်းကစားပြုလုပ်ပါက အရေးယူ ခံရနိုင်သည့် ဥပဒေပုဒ်မများအကြောင်း၊ လောင်းကစားကိရိယာများအကြောင်း၊ ဥပဒေအရသတ်မှတ်ထားသော လောင်းကစားများအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ စသည့် အကြောင်းအရာတို့အား ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)