မတ္တရာမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို

မတ္တရာ မတ်၂၉

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ကစ္စည်းသဒ္ဒါကြီး ဘာသာရပ်ကို ယနေ့နေ့လည် ၁၂ နာရီက အမှတ် (၁) ရပ်ကွက် အောင်မြေသုခ ကျောင်းတိုက်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် စာရင်းရှိ (၂၂၇) ပါးရှိပြီး ပထမကြီးတန်း ရှင်ရဟန်း (၃၇) ပါး၊ ပထမလတ်တန်း ရှင်ရဟန်း (၃၃) ပါး၊ ပထမငယ်တန်း ရှင်ရဟန်း (၅၉)ပါး၊ အခြေပြု မူလတန်းရှင် (၅၁) ပါး၊  စုစုပေါင်း( ၁၈၀) ပါး (၇၉ ဒသမ၃၀) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ပြီး (၄၇) ပါးဖြေဆိုရန် ပျက်ကွက်ခဲ့သည်။ ပါဠိပထမပြန်စာမေးပွဲ ကျင်းပရာ သို့ တိုင်းကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ သြဝါဒစရိယ ဆရာတော်များ၊ မြို့နယ်စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့်အဖွဲ့ဝင်များမှ ကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။ စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဆိုနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊  အထွေထွေအု်ပချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ နေ့ဆွမ်း အလှူရှင်၊ အအေးအလှူရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲအား မတ်လ (၂၈) ရက်နေ့မှ ဧပြီလ(၃) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)