တွံတေး မတ် ၂၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အုန်းပင်စုရပ်ကွက်ရှိ ရွှေလက်ခုပ်ဘုန်းတော်ကြီးကျောင်းနှင့် သာသနာ့ဗိမာန်၊ ရွှေဆံတော်ရပ်ကွက်၊ ဓမ္မာအလင်္ကာရဘုန်းတော်ကြီးကျောင်းနှင့် ပဏ္ဍိတရာမဘုန်းတော်ကြီးကျောင်း၊ အာစိဏ္ဏံတန်ဆောင်းတို့တွင် ယနေ့မွန်းတည့် ၁၂ နာရီ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲကိုပရိယတ္တိသာသနာထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာဖြေဆိုစာရင်း ပေးသွင်းဦးရေ ပထမကြီးတန်း(၂၆)ပါး၊ ပထမလတ်တန်း(၁၁)ပါး၊ ပထမငယ်တန်း (၈၁)ပါးနှင့် အခြေပြုမူလတန်း (၁၃၈)ပါး စုစုပေါင်း(၂၅၆)ပါးရှိကာ ကြွရောက်ဖြေဆိုသည့်ဦးရေ ပထမကြီးတန်း(၂၃)ပါး၊ ပထမလတ်တန်း(၁၁)ပါး၊ ပထမငယ်တန်း(၆၅)ပါးနှင့် အခြေပြုမူလတန်း(၁၁၁)ပါး စုစုပေါင်း(၂၁၀)ပါးရှိကာ လူပုဂ္ဂိုလ်ဖြေဆိုမှုတွင် ပထမလတ်တန်း(၄)ဦးနှင့် အခြေပြုမူလတန်း (၅)ဦး စုစုပေါင်း(၉)ဦးစာရင်းပေးထားသော်လည်း( ၉)ဦးစလုံး ဝင်ရောက်ဖြေဆိုမှုမရှိကြောင်း သိရသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်များနှင့် ပထမပြန်ကြီးကြပ်ရေးဆရာတော်များက ကြီးကြပ်ကာ စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာဖြေသံဃာတော်များ၏ ဝေယျာဝစ္စများနှင့် ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
တွံတေးသား