ကွမ်းခြံကုန်း မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်း မြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဋ္ဌိပထမပြန်စာမေးပွဲကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ပါဋ္ဌိပထမပြန်စာမေးပွဲတွင် ဖြေဆိုရန်အတွက် ပထမကြီးရဟန်းဿမဏေ (၂၀)ပါး၊ ပထမလတ်ရဟန်းသာမဏေ(၁၆)ပါး၊ သီလရှင်(၁)ပါး၊ ပထမငယ်ရဟန်းဿမဏေ(၅၈)ပါး၊ သီလရှင်(၁)ပါ မူလတန်းရဟန်းဿမဏေ(၅၅)ပါး၊ သီလရှင်(၄)ပါး စုစုပေါင်း(၁၅၅)ပါး ဝင်ရောက်ဖြေတော်မူကြပြီး ရဟန်းသာမဏေ(၃၅)ပါး၊ သီလရှင်(၂)ပါး စုစုပေါင်း(၃၇)ပါး ဖြေဆိုရန်ပျက်ကွက်ကြောင်း သိရသည်။ထိုပါဋ္ဌိ ပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ကွမ်းခြံကုန်းမြို့နယ်၌ ပါဋ္ဌိပထမပြန်စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက စာဖြေသံဃာတော်များအား နေ့စဉ်ဆွမ်း၊ ကွမ်း၊ ခဲဘွယ်ဘောဇဉ်အာဟာရများ ဆပ်ကပ်လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ဆွေနွယ်(IPRD)