ကမာရွတ် မြို့နယ်၌ နွေရာသီအခြေခံ၊ အဆင့်မြင့်ဝူရှူးနှင့် ရိုးရာခြင်းလုံး အားကစားသင်တန်းများ သင်တန်းဆင်းပွဲကျင်းပ

ကမာရွတ် မတ် ၂၉

တမျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် မျိုးဆက်သစ်လူငယ် အားကစား သမားကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် နွေရာသီအ​ခြေခံ အဆင်မြင့်ဝူရှူးနှင့် ရိုးရာခြင်းလုံး အားကစား သင်တန်းများကို အားကစားနည်းနှစ်မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ကမာရွတ်မြို့နယ်ရှိ အဆိုပါနွေရာသီ အားကစားသင်တန်းဆင်းပွဲကိကို ယ​နေ့မနက်ပိုင်းက အမှတ်(၅)အ​ခြေခံပညာအထက်တန်း​ကျောင်းအမှတ်(၅)၌ ကျင်းပရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ဥက္ကဋ္ဌ ဦးမြင့်​ဝေ၊ ရန်ကုန်တိုင်း​ဒေသကြီး၊ အားကစား​​နှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွန်ကြား​ရေးမှူး ဦး​အောင်သန်းတို့ တက်​ရောက်ကြပါသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်​ရေး ဥက္ကဋ္ဌမှ အဖွင့်အမှာစကား​ ပြောကြားကာ သင်တန်းဆင်းလက်မှတ်များ​ပေးအပ်ကာ၊ မြို့နယ်အားကစားမှူးမှ ဝူရှူးနှင့်ရိုးရာခြင်း အားကစားနည်ပြများကို ဂုဏ်ပြု​ငွေများ​ ပေးအပ်ခဲ့ပါသည်။

သင်တန်းကို မတ်လ (၁)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ(၁)လတာ ဖွင့်လှစ်သင်ကြားပေးခဲ့​ပြီး သင်တန်းသား(၁၂၀)ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)