မြောက်ဦး မတ် ၂၉
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဆရာ/ဆရာမ များအား ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) နှင့် အ.ထ.က(ခွဲ) လ(၁) ကျောင်းတို့၌ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံဘာသာ ရပ်များအား ဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိပြီး အခြေခံပညာကျောင်းများမှ မူလတန်းပြ ဆရာ၊ ဆရာမစုစုပေါင်း ၁၀၈၁ ဦး တက်ရောက်လျက်ရှိ၍ သင်တန်းနည်းပြ ၃၅ ဦးက သင်ကြားပို့ချမည်ဖြစ်ကာ သင်တန်းကာလတွင် မတ်လ ၂၈ ရက်နေ့မှ မတ်လ ၃၁ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင် (ပြန်/ဆက်)