ဖားကန့်မြို့နယ်အတွင်း ဥရုချောင်းနှင့် ချောင်းလက်တက် ရှင်းလင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ဖားကန့် မတ် ၂၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းရှိ ဥရုချောင်းနှင့် ချောင်းလက်တက်များ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မတ်လ ၂၁ ရက်က စတင်ကာ ချောင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မော်မောင်းချောင်းဝဖားကန့်ကြီးကွေ့၊ မျောက်ဖြူချောင်းဝနှင့် ဂျန်ဂတ်ချောင်းဝ၊ ရှရော်ခချောင်းဝနှင့် ဝှေခါချောင်းဝ၊ မမုံချောင်းပေါက်ဝ၊ ရေအေးချောင်းဆွတ်အောင်နေရာ၊ စပေါ့ကူးတို့တံတားမှ နမ့်မှော်ချောင်းပေါက်ဝထိ၊ မော်မောင်းလျန်ချောင်းနှင့် ကာလီချန်ချောင်း၊ မှော်ရှန်ချောင်းနှင့်၊ ကျောက်စိမ်းတောင်ကွေ့နေရာ စသည့် (၉) နေရာတို့ကို ချောင်းရှင်းလင်းရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် မော်မောင်းချောင်းဝ ဖားကန့်ကြီးကွေ့၊ မမုံချောင်းပေါက်ဝနှင့် မှော်ရှန်ချောင်း ရှင်းလင်းမှုတို့ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ ချောင်းရှင်းလင်းရေးလုပ်ငန်းနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုံးခင်း/ဖားကန့်တူးဖော်ရေးဌာန၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ ကျောက်မျက်/သမ ကုမ္ပဏီများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချောင်းရှင်းလင်းရေးလုပ်ငန်း အနီးကပ်စောင့်ကြပ်ကြည့်ရှု စစ်ဆေးရေးလုပ်ငန်းအဖွဲ့ဝင်များ ပါဝင်သည့် အစည်းအဝေးများကို (၄)ကြိမ်တိုင် ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ခုနှစ်က ရှရော်ခချောင်းနှင့်ဥရုချောင်းဆုံနေရာ၊ ဝှေခါချောင်းနှင့် ဥရုချောင်းဆုံနေရာ၊ စပေါ့ကူးတို့တံတားမှ နမ့်မှော်ပေါက်ဝအထိ၊ နမားယန်ချောင်းလက်တက် နေရာ၊ နမ့်မှော်ချောင်းလက်တက်နေရာ၊ ဖားကန့်ကြီး မျောက်ဖြူချောင်းဆုံနေရာ၊ ရှရော်ခချောင်းလက်တက် ဖားကန့်အများသုံးရေကန်မှ ရှရော်ခဘုန်းကြီးကျောင်းအထိ စသော (၇)နေရာတို့ကို ချောင်းရှင်းလင်းမှု ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်