ရန်ကုန် မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လသာမြို့နယ်တွင် အခြေခံပညာမူလတန်း (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆွေး နွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် လသာမြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်နော်ဖောဇာ မှသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်၊ အဆိုပါသင်တန်းတွင် KG မူလတန်းအောက်အဆင့်၊ အထက်အဆင့်အတန်းများ၏ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊လူမှုရေးဘာသာရပ်များကို နည်းပြ(၃)ဦးမှ မြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများမှ၊ မူအဆင့်သင်ဆရာ/ ဆရာမများအား မတ်လ(၂၈)ရက်မှ မတ်လ(၃၁)ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့် (ပြန်/ ဆက်)