ခရမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ

ခရမ်း မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန် စာမေးပွဲများကို ကိုင်းကုန်းပါဋိတက္ကသိုလ်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ စာမေးပွဲဒုတိယနေ့ကို ယနေ့နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲများကို မတ်လ ၂၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာစာမေးပွဲတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းတို့ပါဝင်ပြီး အဆိုပါစာမေးပွဲသို့ ရဟန်း ၂၁ ပါး၊ သာမနေ ၄ ၂ပါး ၊ သီလရှင် ၅ပါးတို့ စုစုပေါင်း(၆၈)ပါး စာရင်းပေးသွင်းထားရှိပြီးစာဖြေသံဃာ ၁၅ ပါး၊ သာမနေ ၃၄ ပါး၊ သီလရှင် ၅ ပါး စုစုပေါင်း ၅၄ ပါးတို့ ဝင်ရောက်ဖြေဆိုတော်မူကြကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုသံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေး ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း( ခရမ်း )