ဒဂုံမြောက်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်

ဒဂုံမြောက် မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်မီးသတ်​ဆေးဘူး​ဖြင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝင်းတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးတင်ထွန်းအောင်နှင့်ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်နှင့်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးအတန်းစားများအား ရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်နည်း(၄)နည်းအားရှင်းလင်းခြင်း၊ ဂက်(စ်)အိုး မီးငြှိမ်းသတ်နည်းအား ရှင်းလင်းခြင်းစသည့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရာတွင် လိုက်နာသင့်သည့်အချက်များကို အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဦးစီးအရာရှိဦးတင်ထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များက မြို့နယ်ရဲတပ်ဖွဲမှူးရုံးဝင်းအတွင်း မြို့နယ်ရဲတပ်ဖွဲ့မှူးတင်ထွန်း‌နိုင်နှင့် တပ်ဖွဲ့ဝင်များအား DCP မီးသတ်​ဆေးဘူး​ဖြင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ဟောပြောပို့ချခြင်း၊ သရုပ်ပြသခြင်းနှင့် စစ်​ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယမန်နေ့ညနေ ၄ နာရီကလည်းနှင့် မြို့နယ်လျှပ်စစ်ရုံးတွင် အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ