တနိုင်း မတ် ၂၉
ကချင်ပြည်နယ်၊ တနိုင်းမြို့၌ ပန်းအလှထိုးသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၅ နာရီက ထေရဝါဒ(ဗဟို)မြို့မကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ကာ မြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒနာလင်္ကာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ သင်တန်းနည်းပြဆရာမ ဒေါ်ဂျုံးနန်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် သင်တန်းသူများ၏ကိုယ်စား သင်တန်းသူ ဒေါ်ကြူကြူခိုင်က အလှူရှင်များအား ဂုဏ်ပြုပန်းစည်းပေးအပ်ခြင်းနှင့် သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် သံပြိုင်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပြီး၊ တက်ရောက်လာသည့် ဧည့်သည်တော်များအား အချိုရည်၊ မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ပန်းအိ(တနိုင်း)