ညောင်ဦးမြို့နယ် ငါ့မင်းမေးကျေးရွာ ဘုန်းတော်ကြီးကျောင်း (၇) ရက်တရားစခန်းအတွက် မီးသတ်တပ်ဖွဲ့မှ သောက်သုံးရေလှူဒါန်း

ညောင်ဦး  မတ်  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်အုပ်စု၊ ငါးမင်းမေးကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်၊ ၁၃၈၄ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက်နေ့မှ စတင်၍ ရွာဦးကျောင်းဆရာတော်၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် ကျောင်းထိုင်ဆရာတော်အပါအဝင် ရွာနီးဝန်းကျင်ရှိ ဆရာတော်ကြီးများမှ တရားစခန်းဖွင့်လှစ်၍ တရားချစ်ခင် ဓမ္မယောဂီများအား ၇ ရက်တရားစခန်း ဖွင့်လှစ် ပေးသွားမည်ဖြစ်ရာ အဆိုပါ တရားစခန်းရှိ ဆရာတော် သံဃာတော်များနှင့် ယောဂီများ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ညောင်ဦးမြို့နယ်၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ တပ်ကြပ်ကြီး သိန်းကျော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဂါလံ ၁၈၀၀ဆံ့ မီးသတ်ရေသယ်ယာဉ် ၁ စီးဖြင့် ယနေ့  မတ် ၂၉  ရက်နေ့ နံနက် ၉ နာရီအချိန်က ရေဂါလံ ၁၈၀၀ အားသွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း