ကမာရွတ် မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် အခြေခံပညာမူလတန်း (မြို့နယ်အဆင့်) ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း(ဆွေးနွေးပွဲ)ကို ယမန်နေ့က ကမာရွတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးစိုးရန်နိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းတွင် မြို့နယ်အဆင့် နည်းပြနှင့်သင်တန်းသား ဆရာ၊ ဆရာမ(၁၇၆)ဦးကို မတ်(၂၈)ရက်မှ (၃၁)ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
စိမ်းလဲ့