တပ်ကုန်းမြို့၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ကစ္စည်းသဒ္ဒါကြီးဘာသာအား ရဟန်း၊ သာမ‌ဏေ၊ သီလရှင် (၂၂၇)ပါး ဖြေဆို

တပ်ကုန်း မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ကို ဗိုလ်မင်း‌ရောင်ရပ်ကွက်ရှိ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် အောင်ဆန်းခန်းမတို့တွင် ယနေ့မွန်းတည့် (၁၂)နာရီမှ ညနေ (၃)နာရီအထိ ကျင်းပလျက်ရှိသည်။

ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ကစ္စည်းသဒ္ဒါကြီးဘာသာအား ပထမကြီးတန်း(၃၆)ပါး၊ ပထမလတ်တန်း(၂၀)ပါး၊ ပထမငယ်တန်း (၄၅)ပါး၊ အခြေပြုမူလတန်း(၁၂၆)ပါး စုစပေါင်း (၂၂၇)ပါး ဖြေဆို‌တော်မူကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရသည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မ(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ရက်အစဉ်အလိုက် ဆွမ်း၊ ဘောဇဉ်နှင့်အအေးများ ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

တင့်တင့်