ဥတ္တရသီရိ မတ် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဇီရာနန္ဒ ဘုန်းတော်ကြီးကျောင်း သဒ္ဓမ္မသဘာ ဓမ္မာရုံတော်ကြီးတွင် ယနေ့မွန်းတည့် ၁၂ နာရီက ပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းတွင် စာဖြေသံဃာ ၆ ပါး၊ ပထမလတ်တန်းတွင် ၁၀ ပါး၊ ပထမငယ်တန်းတွင် ၄၁ ပါး၊ အခြေပြုမူလတန်းတွင် ၄၉ ပါး စုစုပေါင်း ၁၀၆ ပါးဝင်ရောက်ဖြေဆိုကာ မတ်လ ၂၈ ရက်မှ ဧပြီ ၃ ရက်နေ့အထိကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲကျင်းပရာသို့ ကြီးကြပ်ဆရာတော်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂)ဦးမျိုးချစ်၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး အလှူရှင်များက နေ့စဉ်ဆွမ်းနှင့်အအေးများ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အောင်မျိုးဝင်း( ပြန်/ဆက်)