ပုဗ္ဗသီရိ မတ် ၂၉
ပုဗ္ဗသီရိမြို့နယ်၌ အေးမြင့်သာယာကျေးရွာအုပ်စု၊ အောင်စည်သာပရိယတ္တိစာသင်တိုက်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ကို ယနေ့မွန်းလွဲပိုင်းက ဆက်လက် ဖြေဆိုလျက်ရှိသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲကို ပုဗ္ဗသီရိမြို့နယ်၊ နိုင်ငံတော် သံဃနာယက အဂ္ဂမဟာပဏ္ဍိတအောင် စည်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစက္ခဏနှင့်အတူ မြို့နယ်သံဃနာယကအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပထမကြီးတန်းမှ ရှိရင်းရဟန်း ၃၄ ပါး၊ ဖြေဆို ၃၃ ပါး၊ ပထမလတ်တန်းမှ ရှိရင်း ရဟန်း ၁၃ ပါး၊ ဖြေဆို ၁၀ ပါး၊ ပထမငယ်တန်း ရှိရင်း ရဟန်း ၁၃၂ ပါး၊ ဖြေဆို ၁၁၇ ပါး၊ အခြေပြုမူလတန်းမှ ရှိရင်းရဟန်း ၁၈၃ ပါး၊ ဖြေဆို ၁၄၃ ပါး၊ စုစုပေါင်း ၃၀၃ ပါးတို့က ဆက်လက် ဖြေဆိုလျက်ရှိပြီး စာဖြေရဟန်းများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များက လိုအပ်သည်များ ကူညီဆောင် ရွက်ပေးခဲ့သည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)