တံတားဦးမြို့နယ်၌ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ စာငှားဝန်ဆောင်မှု ဆောင်ရွက်

တံတားဦး မတ်  ၂၉

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံမိဘပြည်သူများ စာဖတ်ပေရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး စာပေချစ်မြတ်နိုးသူများ ရှိလာစေရေးနှင့် စာပေဗဟုသုတ ကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှု ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးကြောင်းသိရသည် ။

ထိုသို့ စာငှားဝန်ဆောင်မှု ပြုလုပ်ပေးရခြင်းမှာ စာကြည့်တိုက်သို့ အလုပ်တာဝန်များ မအားလပ်၍ မလာရောက်နိုင်သူများ စာအုပ်စာစောင်များကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက် သုတ ၊ ရသ စာအုပ်စာစောင်များ ဖတ်ရှုရခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုကောင်းမွန်စေရန် စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်  စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍  သုတ ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးပြီး အသင်းဝင်အသစ်များကိုလည်း စာငှားကတ်များ ပြုလုပ်ပေးကြောင်း၊ ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများကို တစ်ဦးလျှင် စာအုပ်တစ်အုပ်သာ ငှားရမ်းပေးမှ ဝန်ထမ်းများက တစ်ဦးနှင့်တစ်ဦး လဲလှယ်ဖတ်ရှုနိုင်ကြောင်း မြို့နယပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ပြည်သူများ စာပေကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရေးအတွက်  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို အခမဲ့ အသင်း ဝင်ရောက်ပြီး အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်ထံမှ သိရသည် ။

ဦးရဲတင့်( ပြန်/ဆက်)