တံတားဦး မတ် ၂၉
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်မူလတန်းအဆင့်သင် ဆရာ၊ ဆရာမများ ဘာသာရပ် မွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ကျင်းပကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် တံတားဦခရိုင် ပညာရေးမှူး ဦးဟန်တင်က အမှာစကားပြောကြားပြီး တံတားဦးမြို့နယ် ပညာရေးမှူး ဒေါ်စန်းဥက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် ဆရာ၊ ဆရာမများ သင်ကြားမှုအရည်အသွေး မြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား/သူများ ပေါ်ထွန်းလာနိုင်ရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဆရာ၊ ဆရာမျမားမှ စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးပေးရန် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာ(၂၀)ဦး၊ သင်တန်းကြီးကြပ်(၅)ဦး၊ မူလတန်းပြဆရာ၊ ဆရာမ(၅၈၉)ဦး တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ မတ်လ(၂၈)ရက်နေ့မှ(၃၁)ရက်နေ့အထိ KG မှ Grade-5 အထိ ဘာသာစုံသင်တန်းအား နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးရဲတင့်(ပြန်/ဆက်)