တံတားဦးမြို့နယ်တွင် ရာသီပေါ်ဒန့်သလွန်သီးများ ဈေးကောင်းရရှိ

တံတားဦး မတ် ၂၉

တံတားဦးမြို့နယ်တွင် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက် နေပြည်သူအများစုက ပြင်ပလုပ်ငန်းအပြင် စိုက်ပျိုးရေး လုပ်ငန်းများ တွဲဘက်လုပ်ကိုင်ကြရာ နေအိမ်အတွင်း၌ ရာသီပေါ်သီးနှံများနှင့် ဟင်းသီး ဟင်းရွက်များ စိုက်ပျိးလုပ်ကိုင်ရောင်းချ တစ်ဘက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိကြောင်း ယခုအချိန်တွင် ဒန့်သလွန်သီး ပေါ်ချိန်ဖြစ်၍ ဒန့်သလွန်သီးများ ခူးဆွတ်ရောင်းချကြကြောင်း သိရသည် ။

တံတားဦးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းရှိ တောင်သူများသည် ဥယျာဉ်ခြံများနှင့် နေအိမ်ခြံအတွင်း အမှီပြု၍ တစ်နှစ်တစ်ကြိမ် ခူးဆွတ်ရောင်းချလို့ရသည့် ရာသီပေါ်သီးနှံများနှင့် သဘာဝအတိုင်း ပေါက်ရောက်ပြီး စိုက်ပျိုးစားသုံရောင်းချလို့ရသည့် ဟင်းသီးဟင်းရွက်များဖြစ်သည့် ခရမ်းချဉ် ၊ ရုံးပဒေသီးပင်း ၊ ခရမ်းပင်း ၊ ငရုတ်ပင် ၊ ကန်းစွန်ရွက်ပင် စသည့်အပင်များနှင့် ဒန့်သလွန်သီး ပေါ်ချိန်ဖြစ်၍ ဒန့်သလွန်သီးများ ဆွတ်ခူရောင်းချရပြီး ဒန့်သလွန်သီး(၅)ထောင့်ပါ တစ်စည်းလျှင် (၄၀၀)ကျပ် ရောင်းချရပြီး တစ်နေ့လျှင် အနည်းဆုံး ငွေကျပ်(၇၀၀၀)ရရှိသဖြင့်  မိသားစု အပိုဝင်ငွေရရှိကြောင်း အဆိုပါသီးနှံများနှင့် ရာသီပေါ် ဒန့်သလွန်သီး များကို ဆွတ်ခူး၍ မြို့ပေါ်ဈေးနှင့် ဈေးဆိုင်များ ၊ မြို့တွင်းရပ်ကွက်များနှင့်ကျေးရွာများအတွင်း လှည့်လည်ရောင်းချခြင်းဖြင့် နှစ်စဉ်အပိုဝင်ငွေရရှိကြောင်း ဒန့်သလွန်ပင်ရှင် တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာ ဒေါ်မိုးမိုးထံမှ သိရသည် ။

ဦးရဲတင့်( ပြန်/ဆက်)