မိုးကုတ် မတ်လ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မတ်လ (၁၃)ရက်နေ့က မိုးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် အိမ်ထောင်စုဝင်များအား မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းမှ တာပေါ်လင်စများကို မြို့နယ်ကြက်ခြေနီ စေတနာလုပ်အားရှင်များက မတ်လ(၂၅)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးဒဏ်ကြောင်း ထိခိုက်ခံစားခဲ့ရသည့် အိမ်ထောင်စုဝင်များအား တာပေါ်လင်စများ ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်အလိုက် စာရင်းကောက်ယူပြုစုပြီး သေချာစိစစ် ဆောင်ရွက်ပြီး ရရှလာသည့် ကာယကံရှင်အိမ်ထောက်စုဝင် (၅၀)ဦးထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသက်းအဖွဲ့မှ သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)