နမ့်ဆန်မြို့နယ်တွင် မီနီဂေါက်ကလပ်အား ကစားကွင်း၌ တစ်ချက်တည်း ကျင်းဝင် အားကစားသမား ထွက်ပေါ်

နမ့်ဆန် မတ် ၂၉

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ဂေါက်ရိုက်အားကစား ဝါသနာရှင်များ ပူးပေါင်းဖွင့်လှစ်ထားသော ချယ်ရီမြိုင်မီနီဂေါက်ကလပ်အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က ကစားကြရာ တစ်ချက်တည်း ကျင်းဝင် အားကစားသမားတစ် ဦး ထွက်ပေါ်လာကြောင်း သိရသည်။

အဆိုပါ ချယ်ရီမြိုင်မီနီဂေါက်ကလပ်အားကစားကွင်းတွင် ဦးမျိုးဝင်းလှိုင်သည် ကစားဖော်များ ဖြစ်ကြသော ဦးမင်းမင်းထွန်း၊ တာသိန်းဇော်၊ ဦးမျိုးကိုကို၊ ဦးနေဝင်းထွန်း၊ ဦးရဲဝင်းတို့နှင့်အတူ ဂေါက်သီးရိုက်ကစားနေကြစဉ် ကျင်းအမှတ်(၄)မျက်ကွယ်(Unseen)ကျင်းအား Titleist pro V1 No2 ဘော်လုံးအား Bushido (60°)တုတ်ရိုက်တံဖြင့် ရိုက်ခဲ့ရာ တစ်ချက်တည်း ကျင်းဝင်သွားကြောင်း သိရှိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)